Anime · ရုပ်ရှင်
Grave Of The Fireflies
0ကြည့်ရှုသူများ
အကျဉ်းချုပ်
ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့အချိန်ဂျပန်နိုင်ငံလည်းနေရာအနှံဗုံးကျဲခံရလိုထွက်ပြေးကြရ-ဗုံးကျင်းတွေခိုကြရတဲ့အချိန်မှာ. ဆဲတိုနဲ့ဆဲဆူကို တိုမောင်နှမ နဲ့သူတိုအ မေလည်း ဗုံးခိုကြရရင်း..သူတိုအမေသေဆုံးသွားခဲ့ပါတယ်၊အဖေကလည်းတိုက်ပွဲမှာတိုက်ခိုက်နေရတဲ့အတွက်.အဆက်အသွယ်ကလည်းမရဖြစ်နေပြန်တော့.ခိုကိုးရာမဲ့ မောင်နှမနှစ်ယောက်လည်းအမေ့ညီမ တစ်ဝမ်းကွဲ အဒေါ်အိမ်ကိုမှီခိုဖိုရောက်လာခဲ့ကြပါတယ်၊ရောက်ခါစကတော့မောင်နှမနှစ်ယောက်ဆီကပါလာတဲ့အစားအသောက်တွေမျက်နှာကြောင့်ကြည်ကြည်ဖြူဖြူဖြစ်ပေမယ့်..အားလုံးကုန်သွားတဲ့အခါမှာတော့ ညိုငြင်စပြုလာပါတော့တယ်၊ ကြံခိုင်တဲ့အကိုဖြစ်သူဆဲတိုက အပြောအဆိုမခံချင်တာနဲ့မောင်နှမလေးနှစ်ယောက်အမေချန်ထားခဲ့တဲ့ပိုက်ဆံလေးနဲ့လမ်းဘေးနေရာ တစ်ခုမှာ စားသောက်ခဲ့ကြတယ်၊ စစ်အတွင်းမှာ သားကောင်ဖြစ်ခဲ့ရတဲ့ပြည်သူတွေရဲ့ဘဝနဲ့အကိုတယောက်က သူ့ညီမလေးအပေါ်မှာထားရှိတဲ့မေတ္တာတွေကို ပြည့်ပြည့်၀၀ဖေါ်ကျူးထားတဲ့ Best Animation Movie Of All Timeသတ်မှတ်ခံထားရတဲ့ဒီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ ကိုယ်ပါခံစားမိလာပြီး.. မျက်ရည်ကျတဲ့အထိပါပဲ







