Anime · Movie
Fureru
0viewers
Synopsis
အခုတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2024 က ထွက်ရှိခဲ့တဲ့ Fureru ဆိုတဲ့ Anime ကားလေးဖြစ်ပါတယ် ။ Anime ကိုမှ အေးအေးလေးနဲ့ Mystery ဘက်သွားတဲ့ ဇာတ်လမ်းလေးကို ကြည့်ချင်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားက အကြိုက်တွေ့စေမှာပါ။ ဇာတ်လမ်းလေးထဲမှာ Aki ဆိုတဲ့ကောင်လေးက အပြောအဆိုအပေါင်းအသင်းမတတ်တဲ့ ဘုကလန့်ပုံစံလေးပါ။ အဲ့ဒါကြောင့်လည်း သူဟာ ဘယ်သူနဲ့မှ မတည့်သလို ရန်လည်းခနခနဖြစ်တတ်သူလေးပါ အပြင်ပန်းမှာတော့ တလောကလုံးကို ဂရုမစိုက်တဲ့ပုံစံဖမ်းထားပေမယ့် တကယ်တမ်းတော့ စိတ်ထဲမှာ အထီးကျန်နေသူလေးတစ်ယောက်ပါ။ တစ်နေ့မှာ သူဟာ Fureru ဆိုတဲ့ ထူးဆန်းတဲ့အကောင်လေးတစ်ကောင်ကို တွေ့သွားပြီး Ryo, Yuta ဆိုတဲ့ကောင်လေးနှစ်ယောက်နဲ့ သူငယ်ချင်း ဖြစ်သွားပါတယ် ။တကယ်တော့ Fureru က သူ့နားကလူတွေကို တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး အဆင်ပြေအောင်လုပ်ပေးနိုင်တဲ့ အစွမ်းပိုင်ဆိုင်ထားတာပါ။ ဒါကြောင့်မို့ Aki, Ryo နဲ့ Yuta တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်တာတွေမရှိပဲ အဆိုးမြင်တာတွေမရှိပဲ အရွယ်ရောက်တဲ့အထိ ပေါင်းသင်းနေနိုင်ပေမယ့် တစ်နေ့မှာတော့ သူတို့သူငယ်ချင်းသုံးယောက်ဘဝထဲ ကောင်မလေးနှစ်ယောက်ရောက်လာပြီး ထူးဆန်းတာတွေကြုံတွေ့လာရပါတော့တယ်။ အဲ့မှာပဲ သူတို့တွေအဆင်ပြေပြေနဲ့နေနိုင်နေကြတာဟာ တစ်ယောက်နဲ့တစ်ယောက် အဆိုးမမြင်ကြလို့မဟုတ်ပဲ Fureru ရဲ့လျှို့ဝှက်ချက်ကြောင့်ဆိုတာကို သိသွားပါတော့တယ်။ ဒီတော့ သူတို့ကို အဆင်ပြေအောင်လုပ်ပေးထားတဲ့ Fureru ရဲ့လျှို့ဝှက်ချက်ကဘာလဲ အဲ့ဒါတွေကိုသိသွားပြီးနောက်ပိုင်းမှာရော သူတို့တွေ အရင်လို ပျော်ပျော်ရွှင်ရွှင် အတူတူနေနိုင်ကြဦးမလားဆိုတာကို အတူစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်နော်...။







